Sustainable Development – Safe Aand Convenient Working

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်- ဘေးကင်း အဆင်ပြေစွာ လုပ်ငန်းဆောင်ရွက်ခြင်း

ကျွန်ုပ်တို့ အဖွဲ့အစည်းအနေဖြင့် ဘေးကင်းလုံးခြုံမှုသည့် အဓိက အရေးပါသည့် ရည်မှန်းချက်တစ်ခု ဖြစ် ပါသည်။ ၀န်ထမ်းတစ်ဦးချင်းစီအတွက် ဘေးကင်းလုံခြုံမှုရှိရန် ဖြည့်ဆည်းပေးဆောင်ရွက်ပေးထားပြီး လုပ်ငန်း ပတ်ဝန်းကျင်နှင့် လှုမှုရပ်ဝန်း အားလုံးအတွက်ပါ အဆင်ပြေစေရန် စီစဉ်ပေးထားပါသည်။

ဘေးအန္တရာယ်ကင်းရှင်းရေး

ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုရှိခြင်းသည် ကောင်းမွန်သော လုပ်ငန်းပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အဓိကအရေးပါသည့် အချက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆိုင်ခွဲများတွင် ထုတ်ကုန်အမျိုးမျိုးနှင့် စက်များ ကျွမ်းကျင်စွာ နားလည်နိုင်ရန် အဖွဲ့ဝင်များအား ကူညီဆောင်ရွက်ပေးနေပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ကြုံတွေ့ လာနိုင်မည့် ဘေးအန္တရာယ်များကို သိသိသာသာလျှော့ချပေးနိုင်ပါသည်။

ဆိုင်ခွဲတိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စာတမ်းများ တပ်ဆင်ထားပြီး အဓိက ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ မှတ်သားဖွယ်အချက်များကို ဖော်ပြထားပါသည်။ အချုပ်အားဖြင့်ဆိုသော် ၀န်ထမ်းများ အားလုံးအတွက် မည်သည့်နိုင်ငံတွင်မဆို လုပ်ငန်းသဘာဝ တူညီမှု အခြေအနေများကို လွယ်ကူစွာ နားလည် နိုင်ရန် ကြည့်ရှုနိုင်သည့် စနစ်များကို လမ်းညွှန်စနစ်များထားရှိ ပေးထားပါသည်။ ဘေးကင်းရန်သာမက ၀န်ထမ်း များအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စွမ်းရည် တိုးတက်မှုရှိပါသည်။

လေ့ကျင့်သင်ကြားပေးခြင်း

ဝန်ထမ်းများအတွက် သက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပေးခြင်းအားဖြင့် ၀န်ထမ်းများ၏ ကျွမ်းကျင်မှု စွမ်းရည်တိုးတက်စေပြီး လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်သည့် နေရာများသို့ တာဝန်ယူနိုင်စေ ရန်ရည်ရွယ်ပါသည်။ 5àsec တွင် လုပ်ကိုင်နေသူများအနေဖြင့်လည်း သင်တန်းအစီအစဉ်များကို တက်ကြရ ပါသည်။
ကျွန်ုပ်တို့တွင် “Awareness Program”ဟူသည့် သင်တန်း အစီအစဉ်အား ကမ္ဘာ့အနှံ့အပြားရှိ ဆိုင်ခွဲရှိသော နေရာများတွင် သင်တန်းပေးလေ့ရှိပြီး လုပ်ငန်းပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ စွမ်းရည်များကို အသုံး ချတတ်စေရန်နှင့် နေ့စဉ် လုပ်ငန်းဆောင်တာများ တိုးတက်စေရန် ဖြစ်သည်။