Sustainable Development – Development Solutions

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ-တိုးတက်ဖွံ့ဖြိုးရေးအတွက် အဖြေရှာခြင်း

သုံးစွဲသူများအား အရည်အသွေးစံနှုန်းမြင့်သော ၀န်ဆောင်မှုပေးခြင်းဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် များကို ဆောင်ရွက်ပေးခဲ့သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုစာတမ်းအားလည်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် အောက်ပါ ဗျုဟာ (၃)ခုကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။

ရီဆိုင်ကယ်ပြုလုပ်ခြင်း

ရီဆိုင်ကယ်ပြုလုပ်ခြင်း အစီအစဉ်အနေဖြင့် နေ့စဉ် သုံးစွဲနေသည့် ပစ္စည်းသုံးစွဲမှု ပမာဏကို လျှော့ချနိုင်ပြီး ပြန်လည်သုံးစွဲစေခြင်းဖြစ်သည်။

ဥပမာအားဖြင့် အ၀တ်အခြောက်ခံ လျှော်ဖွပ်သည့် နည်းစနစ်တွင် အ၀တ်လှမ်းချိတ်များ အမြောက်အများ လိုအပ်ပြီး 5àsec အနေဖြင့် ၀ါယာအ၀တ်လှမ်းချိတ်များကို ပြန်လည် သုံးစွဲရနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစီ အစဉ်တစ်ခု မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် အ၀တ်လှမ်းချိတ်အား ဆိုင်သို့ ပြန်သွင်းပါက ငွေပြန်အမ်း ပေးသည့် အစီအစဉ်များပါ ပြုလုပ်ပေးခဲ့သည်။

ယင်းအစီအစဉ်အား ဆွစ်ဇာလန်နိုင်ငံတွင် စတင်လုပ်ဆောင်ခဲ့ရာ အ၀တ်လှမ်းချိတ်သုံးစွဲမှု (၅%)ကို လျှော့ချ ပေးနိုင်ခဲ့သည်။ ယင်းအစီအစဉ် အောင်မြင်မှုကြောင့် မိတ်ဘက်နိုင်ငံများအထိပါ တိုးချဲ့လုပ်ဆောင်ခဲ့သည်။ ထို့ အပြင် ပလတ်စတစ်အိတ် သုံးစွဲမှုကို လျော့ချသည့်အနေဖြင့် ပြန်လည်သုံးစွဲနိုင်သော သဘာဝပတ်ဝန်း ကျင်နှင့် ကိုက်ညီသည့် တစ်ဦးသုံးအိတ်များ ထုတ်ပေးခဲ့သည်။

စွမ်းအင်သုံးစွဲမှု ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း

စွမ်းအင် သုံးစွဲမှုကို အကျိုးရှိရှိ သုံးစွဲနိုင်ရန်မှာ ကျွန်ုပ်တို့၏ အဓိက အခြေခံမူအချက်တွင် ပါဝင်သည်။ ထို့ ကြောင့် ရေနှင့် စွမ်းအင်သုံးစွဲမှုကို ချိုးခြံနိုင်သည့် နည်းကို မိတ်ဆက်ခဲ့သည်။ ရေသုံးစွဲမှု ပမာဏ တွက် ချက်မှုနှင့် ပြန်လည်သုံးစွဲနိုင်သည့် စနစ်တို့ကြောင့် ၂၀၁၂ခုနှစ်တွင် စွမ်းအင်သုံးစွဲမှုကို (၅%) နှုန်းအထိ လျှော့ချ ရန်စီစဉ်နိုင်ခဲ့သည်။

ပို့ဆောင်ဆက်သွယ်ရေး

အချိန်အခါအရ တောင်းဆိုမှုကြောင့် အပ်ထည်များ ပြန်လည်ပို့ဆောင်ပေးရာတွင်လည်း သဘာဝပတ်ဝန်းကျင် နှင့် ကိုက်ညီသည့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းစဉ်သည် အလွန်အရေးပါသော လုပ်ငန်းစဉ် တစ်ခု ဖြစ် သည်။ ၀န်ဆောင်မှုပေးသော နိုင်ငံအချို့တွင် မြို့တွင်း သွားလာရာ၌ လျှပ်စစ်မော်တော် ဆိုင်ကယ်များသုံးကာ အပ်နှံ ပို့ဆောင်သည့် စနစ်များ လုပ်ဆောင်လျှက်ရှိပါသည်။ 5àsec ဆိုင်ခွဲများရှိရာ သဘာဝပတ်ဝန်း ကျင် ထိန်းသိန်းသည့် စာတမ်းထိုးထားသော နိုင်ငံများတွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပတ်ဝန်းကျင်နှင့် ကိုက်ညီ သော လှုပ်ရှားမှုဆိုင်ရာ ၀န်ဆောင်မှုသစ်များ ပြုလုပ်လေ့ရှိပါသည်။