Sustainable Development – Promote Innovations

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်- ဆန်းသစ်တီထွင်မှုများဖြင့် အရောင်းမြှင့်တင်ခြင်း

တီထွင်ဆန်းသစ်မှု

5àsec သည်တီထွင်ဆန်းသစ်မှုများဖြင့် ဆိုင်ခွဲများတွင် ခေတ်နှင့်အညီ တိုးတက်စေရန် ကြိုးပမ်းခဲ့သည်။ ယနေ့အချိန်အခါတွင် ဈေးကွက်အတွင်း ဦးဆောင်လာနိုင်ခဲ့ပြီး သုံးစွဲသူများ၏ လိုအပ်ချက် ပြည့်စုံနိုင်စေရန် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများအတွက် သုတေသနပြုအားထုတ်လျှက်ရှိဆဲဖြစ်ကာ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသည့် တီထွင်ဆန်းသစ်မှုကိုသာ ဦးတည်ပါသည်။
ကျွန်ုပ်တို့သုတေသနဌာနအနေဖြင့် တီထွင်ဆန်းသစ်မှုနှင့် လုပ်ငန်းစဉ်များအတွက် အင်အားဖြည့်ဆောင်ရွက် နေပါသည်။

ပြောင်းလဲတိုးတက်လာမှု

“We Share” ဟူသော အစီအစဉ်ဖြင့် ကမ္ဘာ့အနှံ့အပြားတွင် ကြုံတွေ့ရသည့် ဆိုင်ခွဲများမှ အသံများကို နားဆင် ကာ စစ်မှန်သော တိုးတက်မှု နည်းဗျူဟာကို ဆောင်ရွက်ခဲ့သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းတွင် လက်မှတ်ထိုးထားသာ နိုင်ငံအများစုတွင် ဆိုင်ခွဲများရှိသောကြောင့် ရေရှည်တွင် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေပါ။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့အနေဖြင့်လည်း တိုးတက်မှုကို ချိန်ညှိနိုင်စွမ်းရှိမည်ဖြစ် သောကြောင့် နည်းနာနိဿယများ ဖော်ထုတ်ခဲ့သူများကို ကျေးဇူးအထူးတင်ရမည်ဖြစ်သည်။