Our Know How

ကျွန်ုပ်တို့၏ ကျွမ်းကျင်မှု

ကျွမ်းကျင်မှုအဆင့် ၀န်ဆောင်မှုပေးခြင်းတွင် လူကြီးမင်းတို့၏ အထည်များအား အကောင်းဆုံးဖြစ်နိုင်သည့် စောင့်ရှောက်မှုများပေးနေပါသည်။ ၀ါရင့်ကျွမ်းကျင်မှု နည်းစနစ် ငါးမျိုးဖြင့် ၀န်ဆောင်မှုပေးလျှက်ရှိရာ-

ဆန်းစစ်ခြင်း။ ။လူကြီးမင်း၏ အိမ်သုံး အ၀တ်နှင့် အထည်များအားလုံးကို ကျွန်ုပ်တို့၏ ဆိုင်များသို့ အပ်နှံပါက အစွန်းအထင်းရှိမရှိနှင့် အရောင်အနေအထားများကို စတင်ကြည့်ရှုစစ်ဆေးပေးပါသည်။ ယင်းအတွက်လည်း တိကျ သင့်လျှော်သော လျှော်ဖွပ်မှုကို ကုထုံးတစ်ရပ်အနေဖြင့် ဂရုပြု ဆောင်ရွက်ပေးပါသည်။

အကြမ်းလျှော်ဖွပ် အစွန်းချွတ်ခြင်း။ ။လျှော်ဖွပ်သန့်စင်ခြင်းနှင့် အစွန်းချွတ်ချင်းတို့သည် အ၀တ်အထည်လျှော် ဖွပ်ခြင်း၏ အဓိကအချက်များဖြစ်သည်။ 5àsec အနေဖြင့် အစွန်းအမျိုးအစား၊ အထည်အရောင်အသွေးနှင့် အမျိုးအစားတို့ပေါ်တွင် မူတည်ကာ အသင့်လျှော်ဆုံး နည်းပညာနှင့် ကုန်ထုတ်ပစ္စည်းများ သုံးစွဲသောကြောင့် သာလွန် ကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ပါသည်။

အထည်လျှော်ဖွပ် သန့်စင်ခြင်း။ ။ နည်းလမ်းမျိုးစုံသုံးစွဲ ဆန်းစစ်ပြီးနောက်တွင် ရေလျှော်ခြင်း၊ လျှော်ဖွပ် အခြောက်ခံခြင်းနှင့် စသည့် နည်းစနစ်များအနက် အသင့်တော်ဆုံးကို ရွေးကာ လူကြီးမင်းတို့၏ အ၀တ် အထည်များအတွက် ၀န်ဆောင်မှုပေးပါသည်။ အထည်တွင် ပါဝင်သည့် ချည်ထည်အမျိုးအစားနှင့် အရောင် တောက်ပခြင်းများကို သန့်စင်လျှော်ဖွပ်ခြင်းမပြုမီ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

မီးပူတိုက်ခြင်း။ ။ 5àsec အနေဖြင့် တိကျသော နည်းပညာများနှင့် နည်းပညာမြင့် လုပ်ငန်းသုံး မီးပူ များသုံးကာ အပ်ထည်များကို မီးပူတိုက်ခြင်းကြောင့် ထိခိုက်မှု တစုံတရာမရှိစေဘဲ ဂရုစိုက်ဆောင်ရွက်ပေးပါ သည်။ နည်းပညာကောင်းများ သုံးစွဲသောကြောင့် ၀န်ထမ်းများလုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း ၀န်ပိစေ ခြင်းမရှိဘဲ လွယ်ကူသက်သာစေပါသည်။

အရည်အသွေး ထိန်းချုပ်ခြင်း။ ။ မီးပူတိုက်ပြီးနောက်တွင် အ၀တ်လျှော်ဖွပ်သန့်စင်ထားသည့် အရည် အသွေးကို ကျွန်ုပ်တို့၏ စံသတ်မှတ်ချက်များဖြင့် ပြန်လည်စစ်ဆေးပြီး လူကြီးမင်း၏ အပ်နှံထားသော အ၀တ် အထည်များကို ပြန်လည်ပေးပါသည်။ လူကြီးမင်းတို့၏ စိတ်ကျေနပ်မှုရရှိစေခြင်းကို အဓိက ဦးစားပေးပြီး ၀န် ဆောင်မှုအား လူကြီးမင်းအနေဖြင့် စစ်ဆေးနိုင်ပါသည်။