FAQ’S

အမေး၊ အဖြေကဏ္ဍ

အထည်အပ်ပြီးပါက ပုံမှန်ကြာချိန် မည်မျှကြာပါသလဲ။

အပ်ထည်များ၏ ကြာမြင့်ချိန်မှာ လူကြီးမင်း၏ အထည် လိုအပ်ချက်အရ ပေးသည့် ၀န်ဆောင်မှုအမျိုးအစားပေါ် တွင် မူတည်ကာ ကြာမြင့်နိုင်ပါသည်။ သို့သော်လည်း ပုံမှန်အနေအထားတွင်မူ ပျှမ်းမှ နေ့ဝက်ခန့်အချိန်သာ ၀န်ဆောင်မှုပေးရန် ကြာမြင့်ပါမည်။

မည်သည့်အချိန်များတွင် ဆိုင်ဖွင့်ပါသလဲ။

ကျွန်ုပ်တို့၏ ဆိုင်ဖွင့်ချိန်များသည် တစ်ဆိုင်နှင့် တစ်ဆိုင် အနည်းငယ်ကွဲပြားမှုရှိပါသည်။ သို့သော် ဆိုင်ခွဲများ တွင် ပုံမှန်အားဖြင့် တစ်နေ့လျှင် နားချိန်မရှိဘဲ ဖွင့်သည့် ကြာမြင့်ချိန် ၁၀နာရီနှင့် ၁၂နာရီအကြားတွင် ရှိပါ သည်။ လူကြီးမင်း၏ နေရာဒေသရှိ ဆိုင်ခွဲတွင် ဖွင့်ချိန်ကို စာရင်းဖြင့် အသီးသီးပြုစုထားပါသည်။ (ဆိုင်ခွဲ တည်နေရာ စာမျက်နှာ Link တွင် ကြည့်ပါ။)

အခြားဝန်ဆောင်မှုအနေဖြင့် အထည်များအား ပြင်ပေးခြင်းရှိ၊ မရှိ။

5àsec အခြားဝန်ဆောင်မှုအနေဖြင့် လျှော်ဖွပ်ရုံသာမကဘဲ အထည်ပြင်ပေးသည့် ၀န်ဆောင်မှုကိုလည်း ပြုလုပ်ပေးပြီး မည်သည့်ဆိုင်နေရာများတွင် ယင်းဝန်ဆောင်မှု ရရှိနိုင်သည်ကို အသေးစိတ် ကလစ်နှိပ် ကြည့်ရှုနိုင်ပါသည်။ (ဆိုင်ခွဲ တည်နေရာ စာမျက်နှာ Link တွင် ကြည့်ပါ။)

ကော်ဇော သန့်စင်သည့် ၀န်ဆောင်မှု ပေးပါသလား။

ကျွန်ုပ်တို့၏ ဆိုင်အတော်များများတွင် ကော်ဇော သန့်စင်သည့် ၀န်ဆောင်မှုကို ပေးပါသည်။ (ပါရှန် ကော်ဇော၊ အမွှေးပွ ခြေသုတ်ခံနှင့် အခြား) အထည်များအား ၀န်ဆောင်မှုပေးသည်ကို မည်သည့်ဆိုင်နေရာများတွင် ယင်းဝန်ဆောင်မှု ရရှိနိုင်သည်ကို အသေးစိတ် ကလစ်နှိပ် ကြည့်ရှုနိုင်ပါသည်။ (ဆိုင်ခွဲ တည်နေရာ စာမျက်နှာ Link တွင် ကြည့်ပါ။)

တစ်နာရီအတွင်း အမြန်ဝန်ဆောင်မှုပေးနိုင်ပါသလား။

ကျွန်ုပ်တို့တွင် အချိန်တိုအတွင်း အတွင်း အခြောက်ခံ လျှော်ဖွပ်ခြင်း ၀န်ဆောင်မှုကို ရရှိနိုင်ပါသည်။ လူကြီး မင်းအနေဖြင့် ဆိုင်ခွဲသို့ သွားရောက် ၀န်ဆောင်မှုရယူရန်သာ လိုအပ်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှု အမြဲသုံးသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် ကဒ်စနစ်ရှိပါသလား။

ဝန်ဆောင်မှုအားလုံး၏ ကျသင့်သော ပမာဏပေါ်တွင် ၁၀ရာခိုင်နှုန်း အထူးလျှော့ဈေးရရှိသည့်စနစ် ရှိပြီး အဆိုပါအထူးလျှော့ဈေးကဒ်အား ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အ၀တ်အခြောက်ခံလျှော်ဖွပ်သည့် စနစ်ဆိုသည်မှာ အဘယ်နည်း။

အ၀တ်အခြောက်ခံ လျှော်ဖွပ်ခြင်းသည် အထည်တွင် ကပ်ညိနေသော မြေမှုန်နှင့် အစွန်းအညစ် အကြေးများကို ဖယ်ရှားပေးသည့် အထည်လျှော်ဖွပ်ခြင်းနည်းဖြစ်ကာ ရေထက် အခြားပျော်ဝင် ပစ္စည်းများကို သုံးကာ လျှော်ဖွပ်ခြင်းဖြစ်သည်။ သိသာသည့် အချက်မှာ ရေဖြင့် လျှော်ဖွပ်ခြင်းမဟုတ် သည့် သန့်စင်နည်းဖြစ်သည်။ (အခြေခံ ၀န်ဆောင်မှုအား အခန်းကဏ္ဍ Link)

အခြောက်ခံ လျှော်ဖွပ်ခြင်းအား နေရာတွင် လာရောက် ၀န်ဆောင်မှုပေးပါသလား။

ဆိုင်ခွဲရှိရာ နိုင်ငံပေါ်မူတည်ပြီး ဖြေရမည်ဖြစ်သည်။

အ၀တ်အထည်လျှော်ဖွပ်သန့်စင်သည့် ၀န်ဆောင်မှုအား လုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးပါသလား။

5àsec အနေဖြင့် နှစ်ပေါင်းများစွာမှ ယနေ့ချိန်အထိ လုပ်ငန်းများအတွက်လည်း လျှော်ဖွပ်သန့်စင် သည့် ၀န်ဆောင်မှုကို ပေးနေပါသည်။ တစ်ဦးချင်းအတွက်လည်း လိုအပ်ချက်ပေါ်မူတည်ကာ အထည် နှင့် ပတ်သက်သည့် သန့်စင်သော ၀န်ဆောင်မှုကိုပေးလျှက်ရှိပါသည်။ လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု အချက်အလက် များအား သက်ဆိုင်ရာ စာမျက်နှာသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး …..ကျွန်ုပ်တို့၏ အ၀တ်လျှော်ကျွမ်းကျင် ပညာရှင်များကိုလည်း အချိန်မရွေး ဆက်သွယ်နိုင်ပြီး လိုအပ်ချက်ပေါ်လိုက်၍ ရှင်းလင်းဆွေးနွေးပေးနိုင်ပါသည်။

အပ်ထည်များ အပ်နှံပါက ဈေးနှုန်းကျသင့်မှု။

ဈေးနှုန်းကျသင့်မှုသည် ပေးရသည့် ၀န်ဆောင်မှု အရည်အသွေးပေါ်တွင် မူတည်နေသောကြောင့် 5àsec ဆိုင်ခွဲအား ဆက်သွယ်မေးမြန်းခြင်းဖြင့် ဈေးနှုန်းအား သိရှိနိုင်ပါသည်။

နူးညံ့ထိခိုက်လွယ်သည့် အထည်များဖြစ်သည့် (ငွေမှုန်ကဲ့သို့ တောက်ပသည့် အမှုန်ကပ်ထားသည့် တီရှပ် အထည်များ၊ ဘော်ကြယ်မြုပ်ထားသည့် အထည်များ၊ ပတီးစေ့ပါဝင်သည့် အထည်များနှင့် မင်္ဂလာဆောင် ၀တ်စုံကဲ့သို့ အထည်များ စသည့်)ကို သန့်စင်လျှော်ဖွပ်ပေးနိုင်ခြင်း ရှိ၊မရှိ။

5àsec အနေဖြင့် နူးညံ့ထိခိုက်လွယ်သော အထည်များကို လျှော်ဖွပ်သန့်စင်နိုင်သည့် နည်းပညာ များကို ပြုလုပ်ပေးနိုင်ပြီး Maxima ကဲ့သို့ စနစ်များဖြင့် ဖြေရှင်းပေးနိုင်ပါသည်။ ထို့ကြောင့် လူကြီးမင်း အနေဖြင့် နူးညံ့ သော အထည်များနှင့် အလှဆင်ပစ္စည်းများပါဝင်သော အထည်များကို ယုံကြည်စွာ အပ်နှံနိုင်ပါသည်။ ယင်း သို့ ၀န်ဆောင်မှုမျိုး ပေးနိုင်သည့် ဆိုင်ခွဲအား ရှာဖွေကြည့်ရှုနိုင်ပါသည်။ အဖြူ ရောင်အထည်များအနေဖြင့် ပုံမှန် အားဖြင့် အရောင်ဖျော့ကာ အချိန်ကြာလာသည်နှင့်အမျှ လျှော်ဖွပ် လျှင် အ၀ါရောင်နှင့် မီးခိုးရောင်သို့ ပြောင်း သွားတတ်ပါသည်။ White+ဟူသော ၀န်ဆောင်မှုကြောင့် လည်း မူလအဖြူရောင်ကို ပြန်ရစေပြီး ယင်းဝန် ဆောင်မှုပေးနိုင်သည့် ဆိုင်ခွဲများကိုလည်း ရှာဖွေကြည့် ရှုနိုင်ပါသည်။

ဆိုင်မှ ရွေးလာခဲ့သည့် လျှော်ဖွပ်သန့်စင်ပြီး အထည်အား ပလတ်စတစ်အိတ်အတွင်း ထည့်သင့်ပါသလား။

လူကြီးမင်း လာရောက်မယူငင်မီတွင် အပ်ထည်အား ပလတ်စတစ်အိတ်အတွင်း ထည့်ပေးထားမည် ဖြစ်ကာ ချက်ချင်းဝတ်ရန် အစီအစဉ်မရှိသေးပါက အထည်သိမ်းသည့် အိတ်ထဲတွင် ထည့်ထားရန် အကြံပြုပါသည်။

အထူးအ၀တ်အထည်များဖြစ်သည့် (နှင်းကာအကျီနှင့် မိုးကာအကျီ စသည်ဖြင့်) အထည်များအား သန့်စင် ပေးပါသလား။

လူကြီးမင်းတို့၏ အထူးအ၀တ်အထည်များဖြစ်သည့် အထည်များအား သန့်စင်ပေးရာတွင် မူလဂုဏ် သတ္တိများ ဖြစ်သည့် (ရေမစို၊ လေလုံခြင်းနှင့် ထူးခြားမှုရှိခြင်း)များကို ပျက်စီးစေခြင်းမရှိဘဲ 5àsec အနေဖြင့် အထူး ၀န်ဆောင်မှုကို အထည်အမျိုးအစားပေါ်လိုက်၍ ၀န်ဆောင်မှု ပေးနိုင်ပါသည်။

အခြောက်ခံ လျှော်ဖွပ်သည့် နည်းဖြင့် ပုံမှန်အ၀တ်အား သန့်စင်နေပါက အထည်ပျက်စီးမှုရှိနိုင်ပါသလား။

အ၀တ်အထည်များအား အခြောက်ခံလျှော်ခြင်းသည် ရေဖြင့် လျှော်ဖွပ်သည့်နည်းထက် မူလအရောင် ကို ပိုမို ကြာရှည်စွာ ထိန်းသိန်းပေးထားနိုင်ပါသည်။ အထည်နှင့် ချည်မျှင်များအားလည်း ဆွေးမြေ့မှုကို လျှော့ချနိုင် သည့် အကျိုးထူးများသာ ရစေပါသည်။

အထည်အညွှန်းစာတွင် လက်ဖြင့်လျှော်ရန် ညွှန်ကြားထားသော်လည်း အ၀တ်လျှော်စက်တွင် အထည်ပါးများ လျှော်သည့် အမှတ်တွင်ထား ထား၍ လျှော်ဖွပ်နိုင်ပါသလား။

လူကြီးမင်း၏ အ၀တ်အထည် အညွှန်းစာတွင် ပါသည့် ညွှန်ကြားချက်အား လိုက်နာရန် လိုအပ်ပါ သည်။ သား မွှေးနှင့် နူးညံ့သော အထည်များအား လျှော်ဖွပ်ရသည့် အ၀တ်လျှော်စက်တွင် ပါဝင်သော အမှတ်တွင်ထား ၍ လျှော်လျှင်လည်း သင့်တော်နိုင်မည်မဟုတ်ပါ။ အ၀တ်လျှော်စက်တွင် ပါဝင်သော လည်ပတ်မှုနှုန်းနှင့် အခြောက်ခံသည့် စနစ်တို့သည် အထည်အား ပျက်စီးစေနိုင်ပါသည်။ အကယ်၍ အကြံပြုချက်များ လိုအပ်ပါက 5àsec သို့ မေးမြန်းနိုင်ပါသည်။