Dry Cleaning

အခြောက်ခံနည်းစနစ်ဖြင့် လျှော်ဖွပ်ခြင်း

ယင်းနည်းစနစ်တွင် ပျော်ဝင်ပစ္စည်းအား နည်းပညာသုံးစွဲကာ အထည်များကို အကျိုးရှိရှိ သန့်စင်သည့် နည်း တစ်ခုဖြစ်သည်။ ယနေ့အချိန်တွင် ပျော်ဝင်ပစ္စည်းပေါင်းများစွာကို အသုံးပြုကြပြီး Perchloroethylene နှင့် siloxane တို့အား အသုံးများသည်။ အခြောက်ခံ လျှော်ဖွပ်စက်သည် အ၀တ်လျှော်စက်နှင့် ဆင်တူပြီး ကွာ ခြားချက်မှာ အရွယ်အစားပိုမိုကြီးမားကျယ်ဝန်းပြီး အလုံပိတ်စနစ်ဖြစ်သည်။ ပျော်ဝင်ပစ္စည်းသည် တစ်ကြိမ် သန့်စင်ပြီးပါက ပြန်လည်စစ်ထုတ်ပြီး သုံးစွဲနိုင်သေးသည်။ အခြောက်ခံလျှော်ဖွပ်သည့် စနစ်သည် ဆီအစွန်း ကွက်များနှင့် အခြားအစွန်းများကို အထိရောက်ဆုံး ချွတ်ပေးနိုင်သည့် နည်းတစ်ခု ယနေ့အချိန်ထိ ဖြစ်နေဆဲ ဖြစ်သည်။ မီးပူတိုက်ရာတွင်လည်း အဆိုပါစနစ်ဖြင့် လျှော်ဖွပ်ထားပါက အလွန်လွယ်ကူ အဆင်ပြေစေသည်။ ပျော်ဝင်ပစ္စည်းများ ကိုင်တွယ်ရာတွင် ၀န်ထမ်းများနှင့် သုံးစွဲသူကို မထိခိုက်စေရန် သဘာဝပတ်ဝန်းကျင်နှင့် လူမူဘ၀အတွက် ဆိုးကျိုးမရှိစေဘဲ အကောင်းဆုံး ထိန်းသိမ်းဆောင်ရွက်လျှက်ရှိပါသည်။