Concept

သဘောထားအမြင်

၁၉၆၀ခုနှစ်ပိုင်းတွင် အ၀တ်အထည်လျှော်ဖွပ်သည့် ၀န်ဆောင်မှုလုပ်ငန်းအား အခြောက်ခံနည်းပညာသုံး၍ ယင်းလုပ်ငန်းလုပ်ကိုင်သူများအဖွဲ့မှ လူကုံထံအသိုင်းအ၀ိုင်းများအတွက် ရည်ရွယ်ကာ အရည်အသွေးမြင့်သည့် အထူးဝန်ဆောင်မှုကို ပေးခဲ့ခြင်းဖြစ်ပြီး၊ လျှော်ဖွပ်ပြီးအပ်ထည်များအား အိမ်အရောက်ပို့ဆောင်ပေးခြင်းနှင့် ဈေးနှုန်း သတ်မှတ်ရန် ခက်ခဲခြင်းများကို မတွက်ချက်ဘဲ ရှုပ်ထွေးသည့် ၀န်ဆောင်မှုများကို အခက်အခဲများ ကြားမှ စတင်ခဲ့ကြသည်။

5àsec သည် ပထမဆုံး ဆိုင်ခွဲအား ၁၉၆၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တီထွင်ဆန်းသစ်သည့် သဘောထားမှန်ဖြင့် အခြောက်ခံအထည်လျှော်ဖွပ်ခြင်းနည်စနစ်နှင့် အခြားဆက်စပ်အထည်လျှော်ဖွပ်သည့် ၀န်ဆောင်မှုများကို ပေး ခဲ့သည်။ အရည်အသွေးကောင်းရရှိစေရန်သာမက လူတန်းစားအားလုံး သုံးစွဲနိုင်သည့် ဈေးနှုန်းပမာဏ ဖြင့် လည်း ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။ ဈေးနှုန်း(၅)မျိုးဖြင့် လျှင်မြန်သော ၀န်ဆောင်မှုကိုလည်း ပေးနိုင်ရန် ကြိုး ပမ်းခဲ့သည်။

ယင်းနောက်ပိုင်းတွင် 5àsec သည် လျှင်မြန် အောင်မြင်သည့် ၀န်ဆောင်မှု အတွေ့ကြုံကောင်းများရရှိလာခဲ့ သည်။ အချိန်ကာလနှင့်အညီ စီးပွားဖြစ်ဝန်ဆောင်မှုများ ပေးခဲ့ပြီး ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၃၀) ကျော်တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။ နိုင်ငံတကာ ဈေးကွက်အတွင်းသို့ မ၀င်ရာက်မီ တိုက်ရိုက် (သို့မဟုတ်) လုပ်ငန်းလုပ် ကိုင်ခွင့် အထူးကိုယ်စားလှယ်များပေးကာ ပြင်သစ်နိုင်ငံတွင် ဈေးကွက် စတင်ချဲ့ထွင်ခဲ့သည်။